Thursday, August 7, 2008

အောင်မြင်မူကိုထိမ်းကျောင်းချင်းအသိစိတ်

လူတိုင်းကိုယ့်ကိုယ်ကိုအချစ်ဆုံးဖြစ်ပါလိမ့်မယ်။ကောင်းမွန်သောအာရုံခံစားမူမှန်သမျှလည်း ကြိုက်ကြ ပါ လိမ့်မယ်။ ဒါကလည်းလူ့သဘာဝပါ…အဲ့ဒါတွေဟာလူရယ်လို့ဖြစ်လာရင်လူတစ်ယောက် လူအဖွဲ့ စည်းမှာ ရပ်တည်နိုင်ဖို့အတွက် ကြိုးစားရုန်းကန် ရင်းနဲ့ရရှိလာတဲ့အောင်မြင်မူရလဒ်တွေပါ။ ထိုက်တန် စွာရရှိထား ဖို့တော့လိုတယ်။ မထိုက်တန်ပဲ ရရှိထားတဲ့ဘယ် အရာမဆိုကြာရှည်မခံသလို ၊ လူအဖွဲ့ အစည်းကိုအကိုး
ဖြစ်ထွန်းစေမှာလည်းမဟုတ်ဘူး။
ဒီလို.လူတိုင်းမိမိဘ၀မိမိအကိုးပေးနဲ့နေရာဆုံ ထောင့်ဆုံမှာရှိသမျှကိုယ်စွမ်းညဏ်စွမ်းတွေနဲ့ကြိုးစားနေကြ
ရင်း... အောင်မြင်တဲ့လူတွေရှိသလို၊ကျဆုံးတဲ့လူတွေလည်းရှိမယ်။ဒါကလည်းလူ့သဘာဝပဲ‘ကျဆုံးတဲ့လူ' ပြောရမယ်ဆိုရင်အနာဂတ်ပျောက်ကွယ်သူတွေပေါ့။ လူတစ်ယောက်ဟာအနာဂတ်ပျောက်ကွယ်လာပြီဆို
ရင် သူ့အတွက်ရော၊ လူအဖွဲ့အစည်းအတွက်ရောအကိုးမရှိ၊အနှောက်အရှက်ဖြစ်ဖို့ percentage ပိုများ
လာပါ လိမ့်မယ်။ ဒါတွေကိုဘယ်သူရှိမှာတာဝန်ရှိသလဲဆိုတာ စဉ်းစားအဖြေရှာသင့်ပါတယ်။
ပထမဦးဆုံးကတော့ကိုယ့်ကိုယ်ကိုပဲ။ဒုတိယကတော့လူတစ်ယောက်ရဲ့ဘ၀တိုးတက်မူကိုဖြစ်စေမဲ့၊မျှော်လင့်
ချက်ကိုဖြစ်စေမဲ့  ပတ်ဝန်းကျင် တည်ဆောက်ထားပေးမူရှိမရှိ၊ ဒီဒုတိယအချက်ကိုဖန်တီးအပေးနိုင်ဆုံး၊ လွှမ်းမိုးမူအရှိဆုံးကသက်ဆိုင်တဲ့အစိုးရ…လက်ရှိဒီကမ္ဘာကြီးမှာ
ရုပ်ဝထ္ထုပိုင်းဆိုင်ရာလွှမ်းမိုးမူမှဘာသာတရား အပေါ်ယုံကြည်မူအားနည်း လာခြင်း ကြောင့်လူအဖွဲ့အစည်းအတွင်းကိုယ်ချင်းစာတရား၊ အကျင်နာတရား ခေါင်းပါးလာမူကြောင့်အနာဂတ်ပျောက်ကွယ်သူတွေကိုပိုပြီးအဆိုးဆုံးဖြစ်အောင်တွန်းပို့သလိုဖြစ်လာတယ်။ ဆိုလိုတာကလူတိုင်း မိမိရဲ့အတ္တကလိုတာထက်ပိုပြီးရှေ့တန်းတင်လာခြင်းပါ။
အောင် မြင်ချမ်းသာကြီးပွားတဲ့ လူတွေထဲမှာလည်းကောင်းတဲ့ အလုပ်နဲ့ကြီးပွားတဲ့ လူရှိသလို၊မကောင်းတဲ့ အလုပ်နဲ့ကြီးပွားတဲ့ လူတွေလည်းရှိမယ် ဘယ်လိုပဲကြီးပွားချမ်းသာသာ ၊ power တွေရှိရှိ။ လူဖြစ်ရတာ အဓိပ္ပါယ်ရှိဖို့ အရေးကြီးပါတယ်။ အောင်မြင်တဲ့လူတွေကို ယေဘုယျအားဖြင့်တော်တဲ့လူတွေအဖြစ်သတ်
မှတ် နိုင်ပါတယ်။ အဓိပ္ပါယ်ရှိတဲ့လူတစ်ယောက်အနေနဲ့ ကတော့ တော်ရုံသက်သက်ဖြင့်မရနိုင်ပါ။ မိမိရဲ့ အောင်မြင်မူကိုလူအများစုရဲ့ဘ၀တွေကိုအကိုးဖြစ်ထွန်းစေမဲ့လုပ်ဆောင်မူမိုးလုပ်နိုင်ဖို့အရေးကြီးပါတယ်။ ဆိုလိုတာကမိမိရဲ့အောင်မြင်မူကရှိလာတဲ့ အရာအားလုံးကိုမိမိစိတ်ခံစားမူတခုတည်းအတွက်အသုံးမချပဲ… အများအတွက်အရောင်မပါသော sharing လုပ်ချင်းပါ။ လူဘ၀တွေဟာ wave တစ်ခုလိုပဲ။ Critical point ရောက် ပြီးရင် ပြန်ကျတက်တယ် … ပြန်ကျတဲ့ time မှာအဆိုးဆုံးမဖြစ်အောင်.. မိမိအောင်မြင် နေတဲ့ time မှာသတိ ၊အသိတရားနဲ့အမျှော်အမြင်ရှိရှိလုပ်သင့်လုပ်ထိုက်တဲ့အလုပ်တွေကိုလုပ်မှသာလျှင်
ကောင်းမွန်တဲ့ဘ၀ကိုဆက်လက်တည်ဆောက်နိုင်မှာဖြစ်ပါတယ်။


No comments:

Post a Comment