လူတိုင်းဟာကိုယ့်ဘ၀ကိုယ်ဖန်းတီးဖို့အခွင့်အရေးအပြည့်အ၀ရှိတယ်။ဒါကမွေးရာပါ .လူဆိုတဲ့
Body ကြီးဖြစ်တည်ရှင်သန်မူရဲ့ရလဒ်။ဘယ်သူရှိကမှတောင်းစရာမလိုတဲ့သဘာဝတရားကပေးတဲ့ရ
လဒ်။မိမိ၏ဘ၀အကောင်းအဆိုးအားလုံးမိမိကိုယ်တိုင်တွေးခေါ်ဆင်ခြင်လုပ်ဆောင်မူနှင့်သာသက်ဆိုင် ခြင်းကိုဆိုလိုခြင်းဖြစ်တယ်။အဲ့ဒါကြောင့်လည်း..လူအဖွဲ့အစည်းမှာကိုယ်စိခံယူချက်၊ရည်ရွယ်ချက်တွေနဲ့ လူတိုင်းသေဆုံးသည်အထိကြိုးစားရှန်းကန်နေကြတယ်။
အဲ့တော့.........လူတိုင်းကဒီလိုအခွင့်အရေးတွေရှိတဲ့ဆိုရင်…မိမိလိုချင်တဲ့အရာတစ်ခုကိုဘယ်ပုံ ဘယ်နည်းနဲ့ ရယူရင် လူအဖွဲ့အစည်းအတွက် အကိုးအရှိဆုံး ဖြစ်မလဲဆိုတဲ့အချက် က အရေးကြီးဆုံး စဉ်းစားရမဲ့အချက်ဖြစ်လာတယ်။ပြောရမယ်ဆိုရင်-အရေးကြီးဆုံးကတော့ဥပဒေ၊စည်းမျှဉ်း စည်းကမ်းတွေနဲ့ အညီနေထိုင်နိုင်ခြင်းပဲ…ဒါကလူအဖွဲ့အစည်းမှာလုပ်ချင်တိုင်းလုပ်လို့မရအောင် ထိမ်းကျောင်း ထား ခြင်းတစ်ခု။အဲ့ဒီ ဥပဒေနှင့်စည်းမျှဉ်းစည်းကမ်းတွေကို ယဉ်ကျေးတဲ့လူအဖွဲ့စည်းထဲက လူအများစု က လက်ခံ အတည်ပြုထားဖို့ က ပိုပြီး အရေးကြီးပါတယ်။ အဲ့ဒီ လူအများစုကလည်း အမှား၊အမှန်ကို ကိုယ်တိုင် တွေးခေါ်စဉ်းစားနိုင်တဲ့လူတွေဖြစ်ဖို့ ပို ပြီးတောင်အရေးကြီးပါသေးတယ်။ နိုင်ငံ တစ်နိုင်ငံ မှာ ဒီလို လူတန်းစားတွေများလေလေ တိုးတက်လေလေပါ။ ဒီလို ဥပဒေ ဘောင် အတွင်း က ရရှိထားတဲ့ မည်သို့သော အရာမဆိုလူတိုင်းပိုင်ဆိုင်ခွင့်ရှိရမယ်။ဒါတရားမျှတသောလူလူချင်းပြိုင်ဆိုင်မူရဲ့ရလဒ်။
ဒီလိုတည်ဆောက်မှသာလျှင်အရှည်မှာတည်တံခိုင်မြဲတဲ့၊တိုးတက်တဲ့လူအဖွဲ့အစည်းကိုရရှိမှာဖြစ်တယ်။

I am still trying too with uncertainty future
ReplyDelete